Friday, December 20, 2019

အရဟံ ... ကိလေသာမြူမျှမကျန် ကင်းစင်တော်မူသော မြတ်စွာဘုရား


Tuesday, November 26, 2019

ဗ်ာဒိတ္ခံရာ အဂၤါရွစ္ပါး



မည်သည့်ဗုဒ္ဓမဆို၊ ရှေးဦးစွာ ဗုဒ္ဓဖြစ်အောင် ဗျာဒိတ်ကို ၊ ဗုဒ္ဓတပါးပါးထံ၌ခံရမည်။ ထိုသို့ဗျာဒိတ်ခံပြီးမှသာ ဗုဒ္ဓအဖြစ်သို့ရောက်နိုင်သည်။ ယခု နောက်ဆုံးဖြစ်သော ဗုဒ္ဓဂေါတမသည်၊ ဒီပင်္ဂရာ ဗုဒ္ဓထံ၌ ဗျာဒိတ်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်သည်ဟု ကျမ်းစာ၌ အဆိုရှိ၏။ ထိုသို့ ဗျာဒိတ်ခံရန် လိုအပ်သော အင်္ဂါရှစ်ပါးမှာ။ ။မနုဿတ္တံလိင်္ဂံ သမ္ပတ္တိ။

ဟေတုကသတ္ထာရဒဿနံ။ ပဗ္ဗဇ္ဇဂုဏ သမ္ပတ္တိ။ အဓိကာရောစ ဆန္ဒတာ။ အဌဓမ္မ သမောဓါန။ အဘိနိဟာရောသမိဇ္ဈတိ။ ဗုဒ္ဓဝင် အဌကထာ။ သုတ္တနိပါတ်အဌကထာ။ ဓမ္မသင်္ခဏီအဌကထာ။ သုမေဓါ အဌကထာ စသည့်တို့၌ လာသည်။ အဓိပ္ပါယ်မှာကား။

၁။ လူစင်စစ်ဖြစ်ခြင်း။
၂။ ယောင်္ကျားစင်စစ်ဖြစ်ခြင်း။
၃။ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခြင်း။
၎။ ရသေ့၊ရဟန်ပြုသည်လည်းဖြစ်ခြင်း။
၅။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကြပ်ဖူးတွေ့ရခြင်း။
၆။ ဈာန်သမာပါတ်နှင့်လည်း ပြည်စုံခြင်း။
၇။ ဘုရားဆုကို အလိုဆန္ဒလည်းရှိခြင်း။
၈။ ဘုရားဆုကိုလည်း တောင်းယူခြင်း။

#http://vinisya.blogspot.com/2010/02/blog-post_852.html မှ ကူးယူတင်ပြသည်။

Saturday, November 23, 2019






Wednesday, November 13, 2019

အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထားများ

အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထားများ
============================
ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။ မသိသူ မရှိသလောက်ပဲလို့ ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်ကကြည့်ရင်လည်း သာမီဝင်မျိုး။ ရုပ်ရည်
ဥပဓိဘက်ကကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။ စည်းစိမ် ဥစ္စာဘက်ကကြည့်ပြန်တော့ ကပိလ၀တ်ေ နပြည်တော်ရဲ့ ထီးမွေနန်းမွေကိုဆက်ခံရမယ့် ရှင်ဘုရင် လောင်းလျာတစ်ပါးဖြစ်ပါတယ်။ အစစအရာရာ ပြည်စုံအထက်တန်းကျလွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။ ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး နဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ ကိုရင်ရာဟုလာအကြောင်းကို
တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ
"အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။

တော်ဝင်စိတ်ထား (၁)
အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး အဓိဌာန်လေ့ရှိပါတယ်။
"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"။
ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။
တော်ဝင်စိတ်ထား(၂)
ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။ "ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့
' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ' လို့ ရဟန်းတစ်ပါးက မေးပါတယ်။
" ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာ ပဲ" " သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့"
ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး ။
"သည်းခံခွင့် လွှက် တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။

တော်ဝင်စိတ်ထား(၃)
တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။
'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။
" ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်း တော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။

ဘုရားရှင်ထံဖြစ် စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုးအကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။
နှလုံးသား လှပနေရခြင်း၏ အကြောင်းရင်း
မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။
' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။

ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေ သာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတာဟာ 'ပါရမီရှင်ဖြစ်လို့' ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။
မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်း ကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။ မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။
ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမား ကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည်အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။
ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။
ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။ ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်
(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။

မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်း ကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။ မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။
ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။'
အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)
#ဘုရားပုံတော် စေတီတော်များကိုရှာဖွေစုစည်းတင်ပြမည်__ မှ ကူးယူတင်ပြသည်။

Friday, November 1, 2019

ဘာသာတရားနှင့် ပတ်သက်သည့် ဝေါဟာရများ


ဘာသာတရားနှင့် ပတ်သက်သည့် ဝေါဟာရများ

1.Religion                     ဘာသာတရား
2.belief                         ယုံကြည်မူ
3.worship                      ကိုးကွယ်ဆည်းကပ်သည်
4.freedom of worship     လွတ်လပ်စွာကိုးကွယ်ခွင့်
5.refuge                        ခိုကိုးခြင်း၊ခိုကိုးရာ
6.reverence                   ကြည်ညိုရိုသေခြင်း
7.devotions                   ဘုရားတရားတွင် အာရုံပြုခြင်း၊ဆုတောင်းခြင်း
8.Lord Buddha               ဗုဒ္ဓဘုရား
9.Buddha's teachings      ဗုဒ္ဓဆုံးမသြ၀ါဒ
10.Buddha statue /image ဗုဒ္ဓဆင်းတုတော်/ပုံတော်
11.icon                           ဆင်းတုတော်
12.iconoclast                   ဆင်းတုတော်ကိုးကွယ်မူကိုဆန့်ကျင်သူ
13.agnostic                     ဘုရားတရားမယုံကြည်သူ
14.shrine                        စေတီ၊ပုထိုး၊နတ်ကွန်း
15.shrine room               ဘုရားခန်း
16.altar                          ဆွမ်းတော်တင်ခုံ
17.nine attributes of Buddha ဗုဒ္ဓဂုဏ်တော်ကိုးပါး
18.the four noble truths       သစ္စာတရားလေးပါး
19.the noble eightfold path   မဂ္ဂင်ရှစ်ပါး
20.nirvana                          နိဗ္ဗာန်
21.halo                              ရောင်ခြည်တော်အ၀န်း
22.recite devotional verses   ဘုရားဂါထာတော်များရွတ်ဆိုသည်
23.say /tell the beads           ပုတီးစိပ်သည်
24.take a meditation            တရားထိုင်သည်
25.strike the triangular brass gong ကြေးစည်ထုသည်
26.period of Buddhist lent             ၀ါတွင်း
27.end of Buddhist lent                ၀ါပ( ၀ါထွက်)
28.footprint of Buddha                 ဗုဒ္ဓခြေတော်ရာ( စက်တော်ရာ)
29.temple                                   ဗိမာန်တော်၊ဘုရားကျောင်း၊နတ်ကွန်း
30.hollow vaulted temple              ဂူဘုရား
31. fane                                      ဘုရားတန်ဆောင်း
32.archway                                 မုခ်ပေါက်
33.ascend the stairway                ဇောင်းတန်း တက်သည်
34.sanctuary                               ၀တ္တကမြေ၊သာသနာ့မြေ၊ဘေးမဲ့လွတ်ထားသည့်မြေ
35.precinct of pagoda                  ဘုရားပရဂုဏ်
36.ground of victory                    အောင်မြေ
37.planetary post                         ဂြိုလ်တိုင်
38.streamer                              တံခွန်၊ကုက္ကား
39.scented sticks                       အမွှေးတိုင်
40.gilt                                       ရွှေချထားခြင်း
41.glass mosaic                        မှန်စီရွှေချ
42.stupa                                  ဘုရားပုထိုး
43.pagoda                                စေတီ
44.tooth relic pagoda                 စွယ်တော်မြတ်စေတီ
45.gilded pagoda                      ရွှေချထားသောစေတီ
46.white-washed pagoda           ထုံးဖြုသုတ်ထားသောစေတီ
47.monastery                           ဘုန်းကြီးကျောင်း
48.hermitage                           ရသေ့ကျောင်း
49.nunnery/ convent                သီလရှင်ကျောင်း
50.religious center                    သာသနာ့ရိပ်သာ
51.meditation center                 တရာစခန်းရိပ်သာ
52.International Theravada Buddhist Missionary University
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
53.Buddhist Scriptures               ပိဋကတ်တော်များ
54.Sixth Buddhist Synod            ဆဌသင်္ဂါယနာ

#Credit_Htet_Htet_Naung
https://www.facebook.com/photo.php…



Thursday, October 31, 2019


ချစ်ခြင်းကြောင့်


စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ


စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ
●●●●●●●●●●●●●●●●●●●●●●

အ ဖြေက တိုတိုလေးပါပဲ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။

ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။
တစ်ခါတစ်လေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။
ကုသိုလ်စိတ်တွေကိန်းနေတာ တွေ့ ရလိမ့်မယ်။


ဒါနနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊ ဝေယျာဝစ္စပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊
ဂုဏ်တော် မေတ္တာ ၀ိပဿနာနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။

ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။
ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။


တကယ့်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင် " ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲ နေတာပဲ " ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။

တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ် ငါးမိနစ်-ဆယ်မိနစ်ပဲ ဖြစ်ဖြစ် အချိန်ကလေး ယူပြီး
ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိနေလိုက်ပါ။


သိပါ သိပါ များလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့
အကုသိုလ်က သိပ်ကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။ 
ဒါက စိတ္တနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။ ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခုခုဝင်လာရင်
အဲဒီအကုသိုလ်စိတ်ကို ဉာဏ်နဲ့စိုက်ကြည့်တဲ့ အလုပ်ကိုသေချာ ထုံထားလိုက်ပါ။ ကြာလာရင်
ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။ 
ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် 
မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး " အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်၊ ရုပ်ကိုလည်း ပူလောင်စေတယ် " လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။ ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ်က မထွက်သေးပါဘူး။ ဆင်ခြင်မှုတွေများလာတဲ့အခါ
အသိဉာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေ၀ံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရ တော့ တာပါ ပဲ .................... ။။။။။။

#ရ ဝေနွယ်(အင်းမ)
ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ မှ
ပြန်လည်မျှဝေပါသည်။ 
#From_ ကိုဇာဏီ(ကံမ)



သုတရ စေဖို့


လူချင်းမတူတာ ဘာကြောင့်လဲ
ကံချင်းမတူလို့ဘဲ ....
     ကံချင်းမတူတာ ဘာကြောင့်လဲ
     စိတ်ချင်းမတူလို့ဘဲ ....
           စိတ်ချင်းမတူတာဘာကြောင့်လဲ
           အ တွေးချင်း မတူလို့ဘဲ ...........




လောက သဘာဝရဲ့ အမှန်တရား
ကံချင်းတူလျှင် ဥာဏ်ရှိသူက သာတယ်
ဥာဏ်ချင်းတူလျှင် ၀ီရိယရှိသူက သာတယ်
ဝိရိယချင်းတူလျှင် စည်းကမ်းရှိသူက သာတယ်
စည်းကမ်းချင်းတူလျှင်  စေတနာရှိသူက သာတယ်
စေတနာချင်းတူလျှင် နှုတ်ချိုသူက သာတယ်