Sunday, January 29, 2017

လယ်တီဆရာတော်ဘုရားကြီး


ငါးအာရုံဘင်အစု .. ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို .. တွေ့မကြုံစခန်း ..
ပယ်လေးဝ သောကဘုံမှာ .. မျောရရုံရှိတော့ခမန်း

အောက်အ၀ီဇိသောင်အငူမှာ .. ခေါင်းမပြူစတမ်း ..
နှစ်အရှည်.. နစ်မည်လမ်းကိုလ.. နင်မျှော်စမ်းနင့်ကို..
ဒေသနာထင်အလင်းရယ်နဲ့... နင်အဖျင်းပိုထက်သာပို…

ဒီလောဘစရိုက်အိုကို .. မလိုက်လိုရှောင်ပြစ်လို့ ..
နောင်အသစ်တကယ်ပြင်လျင် .. ကောင်းဘို့အစဉ်…

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် .. အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား ..
ခွင့်သာတုန်းကမှ မရုန်းချင်လျှင် .. အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား ..
ခွင့်သာဆဲကမှ မခဲချင်လျှင် .. အလွဲနင့်ပြင်ရှိသေးလေလိမ့်လား …

#လယ်တီဆရာတော်ဘုရားကြီး

No comments:

Post a Comment