![]() |
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော ဓါတ် “၆” ပါး ရှုပုံရှုနည်း
******************************************************************
(၁) ပထ၀ီဓါတ်
ပထ၀ီလို့ ခေါ်တဲ့ မြေဓါတ်က “ဗဟိဒ္ဓ”= အပြင်မြေဓါတ်၊ “အဇ္ဈတ္တ” = အတွင်းမြေဓါတ် လို့ ဓါတ် (၂) ပါးရှိတယ်။
ပထ၀ီလို့ ခေါ်တဲ့ မြေဓါတ်က “ဗဟိဒ္ဓ”= အပြင်မြေဓါတ်၊ “အဇ္ဈတ္တ” = အတွင်းမြေဓါတ် လို့ ဓါတ် (၂) ပါးရှိတယ်။
(က) ဗဟိဒ္ဓမြေဓါတ် ဆိုတာတော၊ တောင်၊ သစ်ပင်၊ ကျောင်း၊ အိမ်၊ တိုက်တာ၊ အစရှိတဲ့ မျက်စိနဲ့ မြင်ကောင်းတဲ့
အထည်ဝတ္ထု ဟူသမျှကို ခေါ်တယ်။
(ခ) အဇ္ဈတ္တမြေဓါတ် ဆိုတာ
သက်ရှိ သတ္တ၀ါ သဏ္ဍာန်မှာ ဆံပင်၊ မွှေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ အရေပါး၊
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊
အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် ဆိုတဲ့ ၂၀ သော အစုကို ခေါ်တယ်။
ဒီ ၂၀ အပြင် “ကျောက်ကပ်၊ ကပ်ပယ်အိတ်” ဆိုတဲ့ မြေဓါတ် ၂ ခုလဲ ရှိသေးတယ်။
ဒီမြေဓါတ်တွေဟာလဲ အဆင်း၊ သဏ္ဍာန် တည်ရာဌာန တစ်ခုနဲ့တစ်ခု မရောမယှက်တဲ့ အပိုင်းအခြား
(ပရိစ္ဆေဒ) ကို ရှေးဦးစွာ မှတ်ထားပါ။
ရှုမှတ်ဖို့ရာ ဒီလိုလုပ်၊
မင်းရဲ့ဆံပင်၊ခြေသည်းလက်သည်း တို့ကို ဥာဏ်နဲ့ယူ၊ လက်တစ်ဖက်မှာထား၊ သင့်တော်ရာသင်္ခ
ျိုင်းမြေပုံပေါ်က မြေကြီးခဲကိုယူ၊ အခြားလက်တစ်ဖက်မှာထား၊
ဒီအတွင်း အပြင် မြေဓါတ် ၂
ပါးကို ယှဉ်ထားပြီး ဒီမြေကြီးခဲသည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊
ခက်မာခြင်း သဘောရှိတဲ့မြေဓါတ်ပဲ၊...။ ဒီ ဆံပင်၊ ခြေသည်း လက်သည်းလဲ ငါမဟုတ်..၊
ငါ့ဟာမဟုတ်၊ မြေဓါတ်ပဲ။ ဘာမှမထူး။ အတူတူပဲလို့ ကြပ်ကြပ်ရှုပေးပါ။
ဥပမာ။။။ မင်းရဲ့ အဇ္ဈတ္တမြေဓါတ်ဖြစ်တဲ့ ခြေသည်းလက်သည်းကို လှီးဖြတ်သုတ်သင်လိုက်တာ အပြင်မြေဓါတ်သာ ဖြစ်သွားတယ်။ ဒီမြေကြီးခဲနဲ့ အတူတူသာ ဖြစ်သွားတော့တယ်။ မင်းတို့ရဲ့ ဘိုးဘွားများ
သေလို့ မြှုပ်ထားတဲ့ မြေပုံကို သူတစ်ပါးက လာပြီး တူရွင်းနဲ့ တူးဆွ ယူငင်တာကို
တားမြစ်ဖို့ မဖြစ်နိုင်သလို မင်းတို့ အဘိုးအဘွားများရဲ့ အသားအရေတွေဟာ
အဲ့သည်အချိန်မှာ မြေဓါတ်မို့ မြေပုံကိုသာ
တွေ့ရတော့မယ်။ မင်းတို့က “ငါတို့ အဘိုး အဘွား” ရယ်လို့ ဘာမှ မပြောနိုင်တော့ဘူး၊
တွေ့ရတော့မယ်။ မင်းတို့က “ငါတို့ အဘိုး အဘွား” ရယ်လို့ ဘာမှ မပြောနိုင်တော့ဘူး၊
မြေဓါတ်ဖြစ်နေပြီမဟုတ်လား....။။။။
#ကျေးဇူးတော်ရှင်_မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပတ္တိ ကျင့်စဉ်နှင့် သစ္စာအနက် (၁၆) ချက် စာအုပ်မှ ကူးယူပူဇော်ပါသည်။

No comments:
Post a Comment